လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထင်တယ်၊ တနင်္ဂနွေ တစ်ရက် မြို့ထဲအသွား ရထားပေါ်မှာ (စင်ကာပူအခေါ် MRT - Mass Rapid Transit) ထိုင်ခုံမရဘဲ မတ်တပ်စီးလိုက်ပါနေတုန်း .... ဘူတာတစ်ခုရောက်တော့ ဆယ်ကျော်သက် ကလေးမတယောက် တက်လာတယ်။ စတိုင်ကျကျဝတ်စားထားပြီး အားလပ်ရက် ရည်းစားနဲ့ လျှောက်လည်မယ့်ပုံစံ။ ထင်တဲ့အတိုင်း နောက် သုံးဘူတာ လောက်မှာ ကောင်လေးတက်လာတယ်။ သူလည်း ရှိုးနဲ့မိုးနဲ့ပေါ့ ။ ကောင်လေးက သူု့ကောင်မလေး ကိုတွေ့တွေ့ချင်းပဲ ဘောလ်ပင်တစ်ချောင်း ပေးလိုက်တယ်၊ " For you " တဲ့ ၊ ရှေ့မှာဆိုတော့ အဲဒီဘောလ်ပင် ကိုသေသေချာချာမြင်ရတယ်၊ စိတ်ထဲက ပြောမိတယ် ဒီကောင် ငတုံး ဆိုပြီး ၊ ဒိတ်တဲ့နေ့မှာ လက်ဆောင်ပေးတာက ရိုးရိုးဘောလ်ပင် တစ်ချောင်း၊ အရောင်က ဖြူလျလျ၊ မမွဲတမွဲ၊ ကောင်မလေး စိတ်ညစ်သွားပုံရတယ်၊ တစ်ချက်ကြည့်ပြီး အိတ်ထဲ ထည့်ဖို့ အိတ်ကိုဖွင့်တယ်၊ အဲဒီမှာမှ ကောင်လေးက ပြောတယ် " That pen, recycle one " ကောင်မလေး အိတ်ကိုပိတ်လိုက်တယ် ပြီးတော့ ဘောလ်ပင်ကို သေသေချာချာ ကြည့်တယ်၊ ကောင်လေးကို ပြုံးပြုံးလေးနဲ့ ပြောလိုက်တာက "Thank you!" တဲ့ ။ အဲဒီနောက် သူ့တို့စုံတွဲ ရထားပေါ်က ဆင်းသွားတယ်၊ recycle-pen လို့သိတာနဲ့ ကောင်မလေး ဘာကြောင့်သဘောကျသွားတာလဲ၊ ကောင်လေးကရော ဒီ recycle pen ကိုမှ လက်ဆောင်ပေးဖို့ ဘယ်လို စိတ်ကူးရခဲ့တာလဲ။ သေချာတာက သူတို့နှစ်ယောက်စလုံး recycle အသုံး ကောင်းကောင်းသိပုံ ရကြပါတယ်။ ပစ္စည်းတစ်ခုဟာ သူ့့ရဲ့ ပုံမှန်အသုံးပြုနိုင်တာထက် ပိုပြီး သုံးနိုင်ရင်၊ သုံးပြီးနောက် စွန့်ပစ်ပစ္စည်းဖြစ်သွားတောင်မှ တခြားပစ္စည်းအသစ်အနေနဲဲ့ဖြစ်ဖြစ်၊ အလားတူ ပစ္စည်းအနေနဲ့ဖြစ်ဖြစ် ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်မယ်ဆိုရင် စွမ်းအင် ဖြုန်းတီးမှုု ကာကွယ်ရာ ရောက်ပြီး၊ အသုံးကျမှု ကတော့ တိုင်းတာလို့ မရနိုင်လောက်အောင် ဖြစ်မှာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ အသုံးကျမှု မကျမှုကို သိမှသာ အလုပ်တွင်မှာဖြစ်ပါတယ်။
ဒါကတော့ တွေ့မိ ကြားမိတာလေး မျှကြည့်တာပါ။
ကျော်မောင် (တိုင်းတာရေး)
No comments:
Post a Comment