Nov 13, 2021

ညက


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်
မနက်က
ငါးနာရီတိတိမှာ နိုးတယ်
ဘာက
မင်းအနားမှာ ဆိုလား
ပလန်ဘီ ပလန်စီများ
အိပ်မက်ထဲတွင် ပြတ်ကျန်ခဲ့ပြီ
ငါကား
လွတ်မြောက်ခြင်းပန်းတိုင်သို့ ပက်ကျိသွား သွားနေဆဲ။
ကြာပေါ်
၂-နိုဝင်ဘာ-၂၀၂၁

No comments: