Dec 22, 2015

တွေးမိလေသော (၂) - တဖက်ကလည်း လှည့်ရေးကြစမ်းပါ

တချိန်တုန်းက၊ အဲဒီတချိန်တုန်းကဆိုတာ နှစ်တန်းလောက်ကဖြစ်တယ်။ နှစ်တန်းဆိုတာ တက္ကသိုလ်ဒုတိယနှစ်ကိုခေါ်တာ။ မြန်မာစာဆရာရဲ့ ကျေးဇူးပေါ့။ နှစ်တန်းမှာ လေ့လာနေတဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ဂျာနယ်ကို စွဲစွဲမြဲမြဲဖတ်ဖြစ်တယ်၊ နားလည်လည် မလည်လည်၊ ကိုယ်တိုင်က ဒါနဲ့ပတ်သက်တဲ့တက္ကသိုလ်တက်နေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ရေးထားတဲ့ ဂျာနယ်ကို လစဉ်ဝယ်ဖတ်ဖြစ်တယ်။ တလမှာ အဲဒီဂျာနယ်က အင်တာဗျူးတပုဒ်ကို ဖတ်ရတယ်။ လူကြီးကြီးတယောက်ကို ဗျူးထားတာ။ အဲဒီတုန်းက အောင်မြင်နေတဲ့ သင်ကြားရေးခေါင်းဆောင်တယောက်ပေါ့။

အမေး အဖြေတွေကို ဖတ်ရင်း စိတ်ထဲ အတော်သဘောမတွေ့ဖြစ်သွားတယ်။ အဲဒါနဲ့ လျှောက်လွှာစာရွက် လေးငါးရွက်ယူပြီး အဲဒီပုဂ္ဂိုလ်ဖြေထားတဲ့ အဖြေတွေကိုညွှန်းကာ ဝေဖန်ချက်တွေ ရေးမိတယ်။ တော်တော်ပြင်းပြင်းထန်ထန်ရေးမိတာဖြစ်ပါတယ်။ ဒါတောင် အဲဒီပုဂ္ဂိုလ်ရဲ့ ကို်ယ်ရေးကိုယ်တာတွေ နောက်ခံပညာရေးတွေ ဘယ်ကနေဘယ်လို အောင်မြင်နေတာတွေ သေသေချာချာမသိသေးဘူး။

စိတ်လိုက်မာန်ပါရေးပြီးတဲ့ စာ၊ အဲ ဝေဖန်ရေးဆောင်းပါး ဆိုပါတော့၊ အဲဒါကို ပြပြီး အဖေ့ကို ဒုက္ခပေးမိတယ်။ အဖေရေ ကျွန်တော့်ဒီစာကို ဖတ်ပြီး ဝေဖန်ပေးပါပေါ့။ ဝေဖန်ရေးဆောင်းပါးကို ဝေဖန်ပေးပါလို့ တောင်းဆိုတာ။ အဖေကလည်း သူစခဲ့တာဆိုတော့၊ သူက ဘာစခဲ့လည်းဆိုတော့ သားအကြီးနှစ်ကောင်ကို အမြဲတမ်းပြောတယ်၊ မင်းတို့တွေ စာလေးဘာလေးရေးကြဦးကွ၊ စာလည်းဖတ် စာလည်းရေးတော့ ကိုယ့်အတွေးအခေါ်တက်လာနိုင်တာပေါ့တဲ့။ အနည်းဆုံးတော့ နေ့စဉ်မှတ်တမ်းလေး ရေးကြဆိုပြီး တိုက်တွန်းပါတယ်။

ဒုတိယသားဖြစ်တဲ့ ဒီကောင်ကလည်း နေ့စဉ်မှတ်တမ်းဆိုတဲ့ ဒိုင်ယာရီကိုသာ ပျင်းလို့မရေးတာ၊ တခြား စာတွေ ကဗျာတွေ တောင်ရေးမြောက်ရေး။ အဲဒီလို တိုက်တွန်းခဲ့တာဆိုတော့ သူ့သားကျော် ရေးတဲ့စာတွေ သူပဲဖတ်ရပါတယ်။ သားကျော်ကလည်း စာတွေသာရေးနေတာ၊ ဘယ်မဂ္ဂဇင်းမှ ဘယ်ဂျာနယ်တိုက်မှ မပို့။ အဲဒီလောက် ယုံကြည်မှုအပြည့်ရှိခဲ့တဲ့ကောင်။ ပို့ရင် ပယ်ခံရမယ်မှန်း ဒက်ထိသိထားသကိုး။

အဖေက စာကြည့်မျက်မှန်တပ်ပြီး အလင်းရောင်ရတဲ့ ပြတင်းပေါက်နားထိုင်ပြီး ဝေဖန်ထားတဲ့ စာကို ကျကျနနဖတ်ပါတယ်။ သားကျော်ဆိုတဲ့ ယနေ့ကျော်မောင်တဖြစ်လဲ ဆောင်းပါးဆရာပေါက်စကလည်း အနားမှာ စာဖတ်သလိုလို သတင်းစာဖတ်သလိုလိုနဲ့၊ အမှန်က ဝေဖန်ခံရဖို့ မယောင်မလည်နဲ့ စောင့်နေတာ။

“သားကျော် လာဦးကွ”   
 “ဟုတ်ကဲ့”
“ရေးထားတာကောင်းပါတယ်။ ဝေဖန်ထားတာတွေမှာလည်း သူဖြေထားတာတွေကို ပြန်ပြီး ဝေဖန်တဲ့အတွက် ကောင်းပါတယ်။ “
“ဟုတ်ကဲ့”
“ဒါပေမယ့် မင်းရေးတာမှာ ဒေါသသံတွေပါနေတယ်”  
 “ခင်ဗျာ။ ဒေါသသံ။ “
“အေး …. အဲဒီလူ အဲဒီလိုပြောတာမကြိုက်ရင် မင်းက မင်းဖြစ်ချင်တဲ့ ပုံစံကို အပြုသဘောဆောင်ပြီး ရေးပြရမယ်။ သူ့ကို အခု မင်းရေးထားသလိုမျိုး ပြင်းပြင်းထန်ထန် မရေးသင့်ဘူး။ သူတို့ပြောတာကို ပြန်ဝေဖန်ပြတဲ့အခါ အကျိုးသင့် အကြောင်းသင့် ဝေဖန်ပြရမယ်။ ဝေဖန်ရေးဆရာတွေ တချို့ ဝေဖန်ပြထားတဲ့ ဆောင်းပါးကောင်းတွေရှိတယ်၊ ရှာဖတ်ကွ။ ပမာအားဖြင့် သူဖြေသွားတယ်၊ ကျောင်းပြီးသွားတဲ့အခါ ကျောင်းကထွက်လာတဲ့သူတွေဟာ စာပြန်သင်ဖို့နဲ့ တခြားအလုပ်တွေ လုပ်ဖို့ပဲတတ်ကြတယ်လို့ပြောတယ်၊ မင်းက ဒါဟာ ကျောင်းဆင်းတွေကို သက်သက်နှိမ်တာ၊ သူက အောင်မြင်နေလို့ ဒီလိုပြောတာ ဆိုပြီး ရေးပြတာထက်စာရင် ကျောင်းဆင်းပြီး အောင်မြင်နေတဲ့သူတွေ အကြောင်း ရေးပြနိုင်ရမယ်။ ကျောင်းဆင်းပြီးပေမယ့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံဆိုတာ လိုအပ်ပါသေးတယ်ဆိုတာ ထောက်ပြနိုင်ရမယ်။ ဒီလိုမျိုး ချက်ကျလက်ကျ ပြောနိုင်ရေးနိုင်ဖို့ ကြိုးစားကွ။ ဒေါသထွက်ပြီး ရှူးရှူးရှဲရှဲနဲ့ မရေးနဲ့။ မင်း ဒေါသတွေ ဖတ်တဲ့သူတောင် ကူးသွားဦးမယ်။“

အဲဒီလိုနဲ့ အဲဒီအချိန်ကစပြီး ဒေါသသံမပါတဲ့ အပြုသဘောဆောင်တဲ့ စာလေးတွေ ဆက်ရေးပါတယ်။ ကြိုကြားကြိုကြားမှာတော့ ဒေါသံနှောတဲ့ ဆောင်းပါးလေးတွေ ရေးဖြစ်ပါသေးတယ်။

အခုနောက်ပိုင်းလည်း ဒေါသသံပါတဲ့ ဆောင်းပါးလေးတွေ ရေးရင် ကောင်းမလားဆိုပြီး မတွေးကောင်းတဲ့ အတွေးကို တွေးမိနေပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)

၅-အောက်တိုဘာ-၂၀၁၅


တွေးမိလေသော (၁) - ကျောင်းသားနှင့် အားကစား

သူငယ်ချင်းတယောက်က “ကျွန်တော်တွေးမိသောအတွေးလေးများ” ခေါင်းစဉ်တပ်ကာ သူ၏ဘလော့ဂ်တွင် သူတွေ့ကြုံသိလာရသော အတွေ့အကြုံများမှ ဖြစ်ပေါ်ရရှိလာသော အတွေးများကို ဆောင်းပါးရေးသည်။ သူ့ကိုအားကျပြီး “တွေးမိလေသော” ခေါင်းစဉ်ဖြင့် ဆောင်းပါးများရေးချင်မိလာသည်။ ထို့ကြောင့် ယခုစတင်၍ ရေးပါသည်။

ရုံးဆင်းချိန်တိုင်း ရထားဘူတာသို့ ဘတ်စ်ကားဖြင့် ခြောက်မှတ်တိုင်မျှစီးရသည်။ ဘူတာမရောက်ခင် တမှတ်တိုင်အလိုတွင်ရှိသော ခြံစည်းရိုးသည် ဂျူနီယာကောလိပ်ကျောင်းတခုမှပိုင်သော ခြံစည်းရိုးဖြစ်သည်။ နှစ်ထပ်ကား စီးဖြစ်လျှင် နေရာရနိုင်ပါက အပေါ်ထပ်မှပင် စီးလေ့ရှိသဖြင့် ထိုကောလိပ်ရှိရာ မှတ်တိုင်သို့ရောက်တိုင်း ကောလိပ်ရှိရာဖက်သို့ ကားပေါ်မှတဆင့် လှမ်းကြည့်တတ်ပါသည်။ မှတ်တိုင်နောက်ဖက် ခြံစည်းရိုးမှာ ကောလိပ်၏ အားကစားကွင်းကို ကာရံထားခြင်းဖြစ်သည်။ ကားပေါ်မှ ကြည့်သဖြင့် ကွင်းကို ကောင်းစွာ မြင်ရသည်။ 

အချိန်သည် ညနေဖက် ခြောက်နာရီ ဆယ့်ငါးမိနစ်ဝန်းကျင်ဖြစ်သောကြောင့် မိုးမရွာသောနေ့ဖြစ်ပါက အဆိုပါ အားကစားကွင်းထဲတွင် ကစားခုန်စားလုပ်နေကြသော ကောလိပ်ကျောင်းသူကျောင်းသားများကို မြင်ရလေ့ရှိပါသည်။ ကစားကွင်းသည် ဘောလုံးကစားကွင်းဖြစ်သည်။ ပွဲကြည့်စင်သည် ကားပေါ်မှ ကြည့်သော် မျက်နှာချင်းဆိုင်ဖက်တွင် ရှိသည်။ ဂိုးတိုင်နှစ်တိုင်မှာ တဖက်တချက်တွင်ရှိသည်။ ဘောလုံးကွင်းမြက်ခင်းသည် သေသေချာချာ ပြုပြင်ထားလေသောကြောင့်ဖြစ်မည်၊ အလွန်စိမ်းစိုကာ အစိမ်းရောင်ကတ္တီပါကောဇော ခင်းထားသကဲ့သို့ရှိသည်။ ဘောလုံးကွင်းမြက်ခင်းအပြင်ပိုင်း ပတ်ပတ်လည်တွင် အပြေးလေ့ကျင့်နိုင်ရန် ပြေးလမ်းများ ကောင်းမွန်စွာ ထားရှိသည်။ မနက်ပိုင်း ကျောင်းမတက်မီတွင် ကျောင်းသူကျောင်းသားများ အားကစားဝတ်စုံများဖြင့် အုပ်စုလိုက် ကွင်းပတ်ပြေးနေကြသည်ကိုလည်း မကြာခဏ မြင်တွေ့ဖူးသည်။

တခါတရံတွင် ဘောလုံးကွင်းထဲတွင် ဘောလုံးကစားနေကြသည်ကို တွေ့ရသည်။ တကြိမ်တွင် ပလတ်စတစ်ပန်းကန်ပြားပုံစံ ခပ်ဝိုင်းဝိုင်းအပြားကို တဦးမှတဦးထံ မြှောက်ပစ်ကစားသော ကစားနည်းကို ကစားနေသည်ကို မြင်ရသည်။ ထိုခပ်ဝိုင်းဝိုင်းအပြားကို “Flying saucer ” ဟု အစကထင်သည်။ အင်တာနက်တွင် ရှာကြည့်လိုက်မှ “Flying disc ” ခေါ်ကြောင်း၊ “Ultimate Frisbee” ကစားနည်းဟု ခေါ်ကြောင်းဖတ်ရသည်။ ဘောလုံးကွင်းတဖက် ဂိုးတိုင်နောက်တွင် ကွင်းငယ်တခု လုပ်ထားပေးပါသည်။ ထိုကွင်းတွင် တုတ်ကောက်များဖြင့် ရိုက်ကစားရသော ဟော်ကီကစားနေသည်ကိုလည်း ရံဖန်ရံခါ တွေ့ရသည်။

မနေ့ညနေပိုင်းကမူ ကွင်းထဲတွင် ကျောင်းသားများ ဘောလုံးလေ့ကျင့်နေသည်ကို မြင်တွေ့လိုက်ရသည်။ ကျင့်နေ ကန်နေကြသော ကျောင်းသားများမှာ ဆယ်ယောက်အထက်ပင်မရှိ။ ဘောလုံးကိုယ်စီနှင့်ဖြစ်သည်။ ဘောကန်အင်္ကျီ၊ ဘောင်းဘီနှင့် ဖိနပ်များ ကျကျနနဝတ်စားထားကြသည်။ ဘောလုံးသင်တန်းသားများအား သင်ပြနေသော ဘောလုံးနည်းပြတယောက်ကိုလည်း တွေ့လိုက်ရသည်။ မှတ်တိုင်သို့ ကားမဆိုက်မီ ကွင်းကို စမြင်ရသောနေရာမှ မှတ်တိုင်ရောက်၊ ခရီးသည်များ ဆင်း၊ ကားထွက်ပြီး ကစားကွင်းကို သေသေချာချာ မမြင်နိုင်တော့သည့် နေရာအထိ ကြာချိန်မှာ သုံးမိနစ်ပင် ရှိမည်မထင်ပါ။ 

ထိုသုံးမိနစ်ပြီးသည့်နောက်တွင် ဤသို့တွေးခဲ့မိပါသည်။ 

“ဒို့နိုင်ငံက ကျောင်းတွေ ကောလိပ်တွေ တက္ကသိုလ်တွေတိုင်းမှာ ဒီလိုမျိုး အားကစားကွင်းကြီးတွေ၊ ရေကူးကန်တွေ၊ စားပွဲတင်တင်းနစ်ခုံတွေ၊ ဘတ်စကက်ဘောကစားနိုင်တဲ့ မိုးလုံ အားကစားရုံတွေ ရှိလို့ကတော့့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ အတော်များများ ထွက်ပေါ်လာလိမ့်မည်မှာ ဧကန်ပဲ။ တာတိုတာဝေးအပြေးသမားတွေ၊ တန်းကျော်ခုန် ကစားသမားတွေ၊ အမြင့်ခုန် သမားတွေ၊ ရေကူးချန်ပီယံတွေ စတဲ့ အားကစားသမားကောင်းတွေ နိုင်ငံက ရလာမှာပဲ။  ဘောလုံးသမားတွေလည်း သူ့ထက်သူ တော်သော သာသော ဘောလုံးသမားတွေ ဖြစ်လာကြမှာ မလွဲပဲ။ နိုင်ငံမှာလည်း ကျန်းမာသော လူငယ်လူရွယ်တွေ အမြောက်အမြား ရှိလာမှာ မုချမသွေပဲ။ ကျောင်းသားနဲ့အားကစားဆိုတာ ခွဲလို့မရ၊ တွဲထားရမယ်၊ ထောက်ပံ့ပေးနိုင်ရမယ်၊ မြေတောင်မြှောက်ပေးနိုင်ရမယ်။ အဲဒါကြောင့် အားကစားကွင်းတွေ ပြန်လည်ဖော်ထုတ်ဖို့၊ မရှိသေးတဲ့ နေရာတွေမှာ ရှိအောင် လုပ်ပေးကြဖို့၊ အပြမဟုတ်ဘဲ အမှန်တကယ် လုပ်ကြဖို့ လိုတယ်” ဟူ၍တွေးမိပါကြောင်း။     ။

ကျော်မောင်(တိုင်းတာရေး)
၂၈-၈-၂၀၁၅

သူငယ္ခ်င္းတေယာက္က “ကၽြန္ေတာ္ေတြးမိေသာအေတြးေလးမ်ား” ေခါင္းစဥ္တပ္ကာ သူ၏ဘေလာ့ဂ္တြင္ သူေတြ႔ၾကံဳသိလာရေသာ အေတြ႔အၾကံဳမ်ားမွ ျဖစ္ေပၚရရွိလာေသာ အေတြးမ်ားကို ေဆာင္းပါးေရးသည္။ သူ႔ကိုအားက်ၿပီး “ေတြးမိေလေသာ” ေခါင္းစဥ္ျဖင့္ ေဆာင္းပါးမ်ားေရးခ်င္မိလာသည္။ ထို႔ေၾကာင့္ ယခုစတင္၍ ေရးပါသည္။

ရုံးဆင္းခ်ိန္တိုင္း ရထားဘူတာသို႔ ဘတ္စ္ကားျဖင့္ ေျခာက္မွတ္တိုင္မွ်စီးရသည္။ ဘူတာမေရာက္ခင္ တမွတ္တိုင္အလိုတြင္ရွိေသာ ျခံစည္းရိုးသည္ ဂ်ဴနီယာေကာလိပ္ေက်ာင္းတခုမွပိုင္ေသာ ျခံစည္းရိုးျဖစ္သည္။ ႏွစ္ထပ္ကား စီးျဖစ္လွ်င္ ေနရာရႏုိင္ပါက အေပၚထပ္မွပင္ စီးေလ့ရွိသျဖင့္ ထိုေကာလိပ္ရွိရာ မွတ္တိုင္သုိ႔ေရာက္တိုင္း ေကာလိပ္ရွိရာဖက္သုိ႔ ကားေပၚမွတဆင့္ လွမ္းၾကည့္တတ္ပါသည္။ မွတ္တိုင္ေနာက္ဖက္ ျခံစည္းရိုးမွာ ေကာလိပ္၏ အားကစားကြင္းကို ကာရံထားျခင္းျဖစ္သည္။ ကားေပၚမွ ၾကည့္သျဖင့္ ကြင္းကို ေကာင္းစြာ ျမင္ရသည္။

အခ်ိန္သည္ ညေနဖက္ ေျခာက္နာရီ ဆယ့္ငါးမိနစ္၀န္းက်င္ျဖစ္ေသာေၾကာင့္ မိုးမရြာေသာေန႔ျဖစ္ပါက အဆိုပါ အားကစားကြင္းထဲတြင္ ကစားခုန္စားလုပ္ေနၾကေသာ ေကာလိပ္ေက်ာင္းသူေက်ာင္းသားမ်ားကို ျမင္ရေလ့ရွိပါသည္။ ကစားကြင္းသည္ ေဘာလုံးကစားကြင္းျဖစ္သည္။ ပြဲၾကည့္စင္သည္ ကားေပၚမွ ၾကည့္ေသာ္ မ်က္ႏွာခ်င္းဆိုင္ဖက္တြင္ ရွိသည္။ ဂိုးတိုင္ႏွစ္တိုင္မွာ တဖက္တခ်က္တြင္ရွိသည္။ ေဘာလုံးကြင္းျမက္ခင္းသည္ ေသေသခ်ာခ်ာ ျပဳျပင္ထားေလေသာေၾကာင့္ျဖစ္မည္၊ အလြန္စိမ္းစိုကာ အစိမ္းေရာင္ကတၱီပါေကာေဇာ ခင္းထားသကဲ့သို႔ရွိသည္။ ေဘာလုံးကြင္းျမက္ခင္းအျပင္ပိုင္း ပတ္ပတ္လည္တြင္ အေျပးေလ့က်င့္ႏုိင္ရန္ ေျပးလမ္းမ်ား ေကာင္းမြန္စြာ ထားရွိသည္။ မနက္ပိုင္း ေက်ာင္းမတက္မီတြင္ ေက်ာင္းသူေက်ာင္းသားမ်ား အားကစား၀တ္စုံမ်ားျဖင့္ အုပ္စုလုိက္ ကြင္းပတ္ေျပးေနၾကသည္ကိုလည္း မၾကာခဏ ျမင္ေတြ႔ဖူးသည္။

တခါတရံတြင္ ေဘာလုံးကြင္းထဲတြင္ ေဘာလုံးကစားေနၾကသည္ကို ေတြ႕ရသည္။ တၾကိမ္တြင္ ပလတ္စတစ္ပန္းကန္ျပားပုံစံ ခပ္၀ိုင္း၀ိုင္းအျပားကို တဦးမွတဦးထံ ေျမွာက္ပစ္ကစားေသာ ကစားနည္းကို ကစားေနသည္ကို ျမင္ရသည္။ ထိုခပ္၀ိုင္း၀ိုင္းအျပားကို “Flying saucer ” ဟု အစကထင္သည္။ အင္တာနက္တြင္ ရွာၾကည့္လိုက္မွ “Flying disc ” ေခၚေၾကာင္း၊ “Ultimate Frisbee” ကစားနည္းဟု ေခၚေၾကာင္းဖတ္ရသည္။ ေဘာလုံးကြင္းတဖက္ ဂိုးတုိင္ေနာက္တြင္ ကြင္းငယ္တခု လုပ္ထားေပးပါသည္။ ထိုကြင္းတြင္ တုတ္ေကာက္မ်ားျဖင့္ ရိုက္ကစားရေသာ ေဟာ္ကီကစားေနသည္ကိုလည္း ရံဖန္ရံခါ ေတြ႔ရသည္။

မေန႔ညေနပိုင္းကမူ ကြင္းထဲတြင္ ေက်ာင္းသားမ်ား ေဘာလုံးေလ့က်င့္ေနသည္ကို ျမင္ေတြ႔လိုက္ရသည္။ က်င့္ေန ကန္ေနၾကေသာ ေက်ာင္းသားမ်ားမွာ ဆယ္ေယာက္အထက္ပင္မရွိ။ ေဘာလုံးကိုယ္စီႏွင့္ျဖစ္သည္။ ေဘာကန္အကၤ်ီ၊ ေဘာင္းဘီႏွင့္ ဖိနပ္မ်ား က်က်နန၀တ္စားထားၾကသည္။ ေဘာလုံးသင္တန္းသားမ်ားအား သင္ျပေနေသာ ေဘာလုံးနည္းျပတေယာက္ကိုလည္း ေတြ႔လိုက္ရသည္။ မွတ္တိုင္သို႔ ကားမဆိုက္မီ ကြင္းကို စျမင္ရေသာေနရာမွ မွတ္တိုင္ေရာက္၊ ခရီးသည္မ်ား ဆင္း၊ ကားထြက္ၿပီး ကစားကြင္းကို ေသေသခ်ာခ်ာ မျမင္ႏုိင္ေတာ့သည့္ ေနရာအထိ ၾကာခ်ိန္မွာ သုံးမိနစ္ပင္ ရွိမည္မထင္ပါ။

ထိုသုံးမိနစ္ၿပီးသည့္ေနာက္တြင္ ဤသို႔ေတြးခဲ့မိပါသည္။

“ဒို႔ႏုိင္ငံက ေက်ာင္းေတြ ေကာလိပ္ေတြ တကၠသိုလ္ေတြတိုင္းမွာ ဒီလိုမ်ိဳး အားကစားကြင္းၾကီးေတြ၊ ေရကူးကန္ေတြ၊ စားပြဲတင္တင္းနစ္ခုံေတြ၊ ဘတ္စကက္ေဘာကစားနုိင္တဲ့ မိုးလုံ အားကစားရုံေတြ ရွိလို႔ကေတာ့့ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားေတြ အေတာ္မ်ားမ်ား ထြက္ေပၚလာလိမ့္မည္မွာ ဧကန္ပဲ။ တာတုိတာေ၀းအေျပးသမားေတြ၊ တန္းေက်ာ္ခုန္ ကစားသမားေတြ၊ အျမင့္ခုန္ သမားေတြ၊ ေရကူးခ်န္ပီယံေတြ စတဲ့ အားကစားသမားေကာင္းေတြ ႏုိင္ငံက ရလာမွာပဲ။  ေဘာလုံးသမားေတြလည္း သူ႔ထက္သူ ေတာ္ေသာ သာေသာ ေဘာလုံးသမားေတြ ျဖစ္လာၾကမွာ မလြဲပဲ။ ႏုိင္ငံမွာလည္း က်န္းမာေသာ လူငယ္လူရြယ္ေတြ အေျမာက္အျမား ရွိလာမွာ မုခ်မေသြပဲ။ ေက်ာင္းသားနဲ႔အားကစားဆိုတာ ခြဲလို႔မရ၊ တြဲထားရမယ္၊ ေထာက္ပံ့ေပးႏုိင္ရမယ္၊ ေျမေတာင္ေျမွာက္ေပးႏုိင္ရမယ္။ အဲဒါေၾကာင့္ အားကစားကြင္းေတြ ျပန္လည္ေဖာ္ထုတ္ဖို႔၊ မရွိေသးတဲ့ ေနရာေတြမွာ ရွိေအာင္ လုပ္ေပးၾကဖို႔၊ အျပမဟုတ္ဘဲ အမွန္တကယ္ လုပ္ၾကဖို႔ လုိတယ္” ဟူ၍ေတြးမိပါေၾကာင္း။     ။

ေက်ာ္ေမာင္(တိုင္းတာေရး)
၂၈-၈-၂၀၁၅

Aug 25, 2014

"Plato and a Platypus.. Walk into a bar...Understanding Philosophy Through Jokes" Thomas Cathcart & Daniel Klein

သိပၸံပညာရွင္နဲ႔ သူ႔ဇနီးတို႔ ေက်းလက္ေတာပိုင္းဘက္ ကားေမာင္းထြက္လာတယ္။
ဇနီးသည္က ေျပာတယ္ "အိုး.. ၾကည့္ပါဦး၊ သိုးေတြကို အေမြးရိတ္ထားတယ္"
  "ဟုတ္တယ္၊ ဒီဖက္ျခမ္းမွာ" လို႔ သိပၸံပညာရွင္က ေျပာလိုက္ပါတယ္။

A scientist and his wife are out for a drive in the country. The wife says, Oh, look! Those sheep have been shorn.
Yes, says the scientist. On this side.
--------------------------------------...------
မတ္တပ္ရပ္ေနတဲ့ စားက်က္ထဲက ႏြားႏွစ္ေကာင္၊ တစ္ေကာင္က အျခားတစ္ေကာင္ကို လွမ္းေျပာတယ္
"ႏြားရူးေရာဂါကို မင္းဘယ္လို ျမင္လဲကြ"
ဟိုေကာင္က ျပန္ေျပာတယ္
"ေသာက္ ဂရုစိုက္လို႔ကြာ ... ငါက ဟယ္လီေကာ္ပတာပဲ"

Two cows are standing in the field. One says to the other, What do you think about this mad cow disease?
What do I care? Says the other. I’m a helicopter.
-------------------------------------------
ပက္က်ိတစ္ေကာင္ဟာ လိပ္ႀကီးႏွစ္ေကာင္ရဲ႕ လုယက္တိုက္ခိုက္မႈခံခဲ့ရတယ္။ ျဖစ္ပုံကို ရဲကေမးေတာ့ သူေျဖလိုက္ပုံက ..
"ကၽြန္ေတာ္မသိလိုက္ဘူး၊ အျဖစ္အပ်က္က အရမ္းျမန္လြန္းေတာ့ေလ"

A snail was mugged by two turtles. When the police asked him what happened, he said, I don’t know. It all happened so fast.

From ...
"Plato and a Platypus.. Walk into a bar...
Understanding Philosophy Through Jokes"
Thomas Cathcart & Daniel Klein

ရယ္ေမာျခင္း၊ ေတြးေတာျခင္းျဖင့္ က်န္းမာႏုိင္ၾကပါေစ။

ေက်ာ္ေမာင္(တိုင္းတာေရး)
၁၇-ၾသဂုတ္-၂၀၁၄

Aug 24, 2014

အသုံးကျရဲ့လား (၁၂) ..... အသေးအမွှား

သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။ ဒါက အများပြောတတ်ကြတဲ့ စကားပါ။ ထုပ််ဖို့ စည်းဖို့ ပြင်နေချိန် စည်းတဲ့ သားရေကွင်း မရှိရင် လိုက်ရှာရတာ အလုပ်တစ်ခုပါ။ မတွေ့ရင် ရေရွတ်မိကြပါတယ်။ သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။ 

တစ်ခါတစ်လေတော့ အဝတ်အစားတွေ ချုပ်ဖို့ ဖာထေးဖို့ လုပ်တဲ့အချိန် အပ်က ရှာမတွေ့ဘူး။ ပြောကြပြန်ရော.. အပ်လေး တစ်ချောင်းတောင် မရှိဘူး။ တစ်ခုခု အမြန်မှတ်ဖို့ ကြုံလာတဲ့ အခါ ရေးမှတ်ဖို့ ဘော့ပင် ဒါမှမဟုတ် ခဲတံလိုအပ်၊ အဲဒီအခါ ..ရေးဖို့ ဘော့ပင်လေး တစ်ချောင်း၊ ခဲတံလေး တစ်ချောင်းတောင် မရှိဘူး ဆိုကြပြန်ရော။ 

အိမ်ရှင်မတွေ ဟင်းချက်ရင်း ကျက်ခါနီး မြည်း ၊ ပေါ့တာသိ၊ ဆားအိုးနှိုက်တော့ ဆားကကုန် ... ဆားလေးတောင် မရှိဘူး။ အတော်တွေ့ရပါတယ်၊ အင်ဂျင်နီယာဖြစ်ပြီး ဝက်အူလှည့်လေး တစ်ချောင်းတောင် မရှိဘူး (တစ်ချို့ အင်ဂျင်နီယာများက စောဒက တက်နိုင်ပါတယ် ၊ ဟေ့ ဒို့အလုပ်က ဝက်အူလှည့်မလိုဘူးကွ ဆိုရင်လည်းပဲ ဒီမှာတော့ အင်ဂျင်နီယာအများစုမှာ အခြေခံ ရှိသင့်တဲ့ ကိရိယာလို့ မှတ်ယူပေးပါ)။ ဆေးခန်းမှာ ဂွမ်းနည်းနည်းလေးတောင် မရှိဘူး။ အဲဒီထမင်းဆိုင်ဗျာ.. တို့စရာ ဟင်းသီးဟင်းရွက်လေးတောင် မရှိဘူး။ စသည်ဖြင့် စသည်ဖြင့် .... 

သတိရမိပါ၏။ တက္ကသိုလ်ဝင်တန်းတွင် မြန်မာဆရာကြီး ရွတ်ပြသော .. 

 For want of a nail the shoe was lost,
 for want of a shoe the horse was lost,
 for want of a horse the knight was lost,
 for want of a knight the battle was lost,
 for want of a battle the kingdom was lost.
 So a kingdom was lost—all for want of a nail.

မြင်းခွာသံတစ်ချောင်း ပျောက်နေတာနဲ့  တိုင်းပြည်ပါ နောက်ဆုံး ပျောက်သွားတဲ့ သတိပေး စကားပုံပါ။ 

အသေးအမွှား ဆိုပြီး အထင်သေး ဂရုမစိုက်ဘဲ မနေသင့်။ ဟိုတုန်းက ဘယ်လောက်ပဲ အရေးမကြီး တန်ဖိုးမရှိတာ ဖြစ်ပါစေ လိုအပ်ချိန်မှာ အဲဒါဟာ အဖိုးမဖြတ်နိုင်အောင် အသုံးဝင်တာတွေ့ပါလိမ့်မယ်။ 

မှတ်ချက်။ ။ ဒီမှာ အဝတ်လှန်းတဲ့အခါ ၀ါးလုံးထိုးထည့်ပြီး အဝတ်လှန်းနိုင်တဲ့ ပိုက်လုံးအခေါင်းပေါက်တွေ တိုက်ခန်းတွေရဲ့ မီးဖိုချောင်အပြင်ဖက် ကပ်လျှက် နံရံမှာ ထားပေးပါတယ်။ အဝတ်လှန်းပြီး ၀ါးလုံးသိမ်း တစ်ခါတည်း ပိုက်လုံးအခေါင်းပေါက်တွေကို ပလတ်စတစ်အဖုံးလေးတွေနဲ့ ပြန်ဖုံးအုပ်။  ပလတ်စတစ်အဖုံးလေးတွေကို ပိုက်လုံးမှာ ရာဘာကြိုးနဲ့ ချည်ထားတာ။ လှန်းတဲ့အခါ ပလတ်စတစ်အဖုံးလေးတွေကို ဖြုတ်လိုက်၊ သူ့ဟာသူ တွဲလောင်းကျနေ။ သွေးလွန်တုပ်ကွေးခြင်ပေါက်မှာစိုးလို့ စနစ်တကျကာကွယ်ထားတာပါ။ မနက်က အဝတ်လှန်းရင်း ပလတ်စတစ်အဖုံးဖြုတ်၊ ရာဘာကြိုးပြတ် အဖုံး တိုက်အောက်ပြုတ်ကျ၊ ပြန်ကောက်၊ ပိုက်လုံးမှာ ချည်ဖို့ သားရေကွင်း ရှာတော့ တော်တော်နဲ့ မတွေ့။ အဲဒီ အဖုံး ဖုံးထားတာ မတွေ့ရင် ဒီမှာ ဒဏ်ငွေရိုက်တယ်။ ကျော်မောင်(တိုင်းတာရေး) ဆီမှာ သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။  နောက်မှ ရှာတွေ့။ ဒါနဲ့ ဒီဆောင်းပါးလေး ရေးမိတာပါပဲ။ တော်သေးတာပေါ့ဗျာ .. ကွန်ပျူတာသုံးပြီး ရေးလို့၊ မဟုတ်ရင် ဘော့ပင်လေး တစ်ချောင်းတောင် မရှိဘူးလို့ ဆိုချင်ဆိုရဦးမှာ ..... 

  ကျော်မောင်(တိုင်းတာရေး)
  ၂၄-သြဂုတ်-၂၀၁၄